DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူ-ဧပြီ၊ ၂၈

ပါတီလှုပ်ရှားမှုများ

၂၀၂၀၊ ဧပြီ၊ ၂၈။

DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းအလှူအဖြစ် Covid-19 ကာကွယ်ကုသရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ လုမှုရေးအသင်းအဖွဲ့များအား PPE ဝတ်စုံများ၊ လက်အိတ်များ၊ နှာခေါင်းစည်းများ၊ လက်သန့်ဆေးများ လှူဒါန်းလျက်ရှိပါသည်။
၂၀၂၀၊ ဧပြီလ ၂၈ ရက်နေ့တွင် မြောင်းမြလူငယ်ကွန်ရက်သို့ PPE ဆယ်စုံ၊ လက်အိတ် ၁ ဘူးနှင့် face shield များ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ Kachin State COVID-19 Prevention Network သို့ PPE ဆယ်စုံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မီးသတ်ရဲဘော်များသို့ PPE ဆယ်စုံ ပေးပို့လှူဒါန်းခဲ့ပါသည်။