DPNS ရဲဘော်များနှင့် မိတ်ဆွေများ၏ စုပေါင်းလှူဒါန- ရန်ကုန်။

ပါတီလှုပ်ရှားမှုများ

၂၀၂၀၊ ​မေ၊ ၃။ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များနှင့် မိတ်ဆွေများ၏ အလှူအဖြစ် “မဂ်လာတောင်ညွန့် ပြုပြင်စရာများအဖွဲ့” သို့ လက်အိတ် ၁၀ဝ၊ နှာခေါင်းစည်း ၃၀ဝ နှင့် အလှူငွေတစ်သိန်းကျပ်ကို ၂၀၂၀၊ မေလ ၃ ရက်နေ့ နံနက်တွင် လှူဒါန်းခဲ့ပါသည်။ ပါတီကိုယ်စား လူ့ဘောင်သစ်လူငယ်မှ ကိုမျိုးငြိမ်းက ပေးအပ်လှူဒါန်းရာ အဖွဲ့တာဝန်ရှိသူက လက်ခံရယူခဲ့ပါသည်။ မတ်လ ၃ ရက်နေ့နံနက် ၈:ဝ၀ နာရီတွင် “မိသားစုကိုချစ်ရင် Mask တပ်ပါ” Campaign ကို မဂ်လာတောင်ညွန့်ဈေး(အမဲဈေး)၌ အဖွဲ့တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်တာဝန်ရှိသူများနှင့် ပူးပေါင်း ပြုလုပ်ခဲ့ကြပါသည်။