DPNS ဗဟိုကော်မတီအစည်းအဝေး (၂/၂၀၁၉)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၃ – ၅ သြဂုတ်၊ ၂၀၁၉။ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး ၂/၂၀၁၉ ကို ရန်ကုန်မြို့ရှိ ပါတီဌာနချပ်ရုံး၌ ၂၀၁၉၊ သြဂုတ်လ၊ ၃ ရက်မှ ၅ ရက်နေ့ထိ ၃ ရက်တာ ကျင်းပခဲ့သည်။

ပထမရက်တွင် အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသည့် ဗဟိုကော်မတီဝင်များက လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ဆွေးနွေးခြင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာကို တင်ပြအတည်ပြုခြင်း၊ ဗဟိုကော်မတီဝင်များက မိမိတို့ဒေသတွင်း နိုင်ငံရေး စည်းရုံးရေးနှင့် လူထုရေးရာအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဒုတိယရက်တွင် လူ့ဘောင်သစ်လူငယ်၏ လုပ်ငန်းအစီရင်ခံစာကို YNS အတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက အကြံပြုဆွေးနွေးခြင်း၊ ၂၀၁၉ လုပ်ငန်းစဉ်ဇယားတွင် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကို အထွေထွေအတွင်းရေးမှူးက တင်ပြ၍ ဗဟိုကော်မတီဝင်များက အကြံပြုဆွေးနွေးခြင်းနှင့် ဆက်လက်လုပ်ဆောင်သော ကျန်ရှိသော လုပ်ငန်းများကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ အစည်းအဝေး တတိယရက်တွင် ဦးအောင်သူငြိမ်း (ISP ပြင်ပဆက်သွယ်ရေးတာဝန်ခံ)က “လက်ရှိနိုင်ငံရေးအခြေအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲ အလားအလာ” ဆွေးနွေးခြင်း၊ လတ်တလောဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက အစည်းအဝေးနိဂုံးချုပ်စကား ပြောကြားခဲ့သည်။ ဗဟိုကော်မတီအစည်းအပြီးတွင် အမျိုးသမီးလုပ်ငန်းကော်မတီ (WWC) အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

[ngg src=”galleries” ids=”646″ display=”basic_thumbnail”]