DPNS ပါတီဥက္ကဋ္ဌနှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေးကော်မတီဥက္ကဋ္ဌတို့၏ ပုသိမ်ခရီးစဉ်

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဧရာဝတီတိုင်းဒေသကြီးစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်းတို့သည် တိုင်းစည်းရုံးရေးကော်မတီရုံးခန်း၌ ၁- ၁၁- ၁၆ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ နေ့လည် ၁၂း၃၀ နာရီအထိ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုတွေ့ဆုံပွဲတွင် မျက် မှောက်ကာလနိုင်ငံရေးအခြေအနေများအပေါ် ပါတီ၏အမြင်သဘောထားများ၊ ပါတီတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ပုသိမ်မြို့ရှိ လူထုအခြေပြုအရပ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် အလွတ်သဘောတွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။