DPNS ပါတီမူဝါဒ ဆွေးနွေးပွဲပြုလုပ်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


၂၀၁၉၊ ဒီဇင်ဘာ ၁၁-၁၂။ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီမူဝါဒ ဆွေးနွေးပွဲကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထား၊ လတ်တလောလုပ်ငန်းစဉ်များ၊ ပါတီတည်ဆောက်ရေး ရေရှည်ရည်မှန်းချက်များကို တင်ပြသုံးသပ် ဆွေးနွေးခဲ့ကြပါသည်။ ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်နိုးနိုးထက်စံက ဆွေးနွေးပွဲအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပါတီခေါင်းဆောင်များ ရဲဘော်များကြား၌ အပြန်အလှန် လေးစားတန်ဖိုးထားပြီး ပါတီ၏ မူဝါဒသဘောထားများ၊ လုပ်ငန်းစဉ်များကို ပါတီစိတ်ဓာတ်ဖြင့် အတူတကွ လက်တွဲဖော်ဆောင်ကြဖို့ အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ရေကြည်၊ အင်္ဂပူ၊ ချောင်းသာ၊ မန္တလေး၊ မင်းဘူး၊ ပွင့်ဖြူ အစရှိသည့် မြို့နယ်ပါတီကော်မတီများမှ ခေါင်းဆောင်များ၊ လူ့ဘောင်သစ်လူငယ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”741″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]