လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပါတီမူဝါဒနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာဆွေးနွေးပွဲကို ၃၀၊ ၇၊ ၂၀၁၇ နေ့တွင် ပြည်မြို့ CPRCG [Civil & Political Rights Campaign Group] သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များ ပဲခူးတိုင်း ဧရာဝတီတိုင်းတို့မှ ပါတီခေါင်းဆောင်များ၊ စည်းရုံးရေးကော်မတီဝင်များ ၂၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။