DPNS နှင့် ABSDF တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

ရဲဘော်လှဌေး ခေါင်းဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ တာဝန်ရှိသူများသည် ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက် နေ့လည် ၁းဝ၀ နာရီတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဌာနချုပ်သို့ လာရောက်၍ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဦးဆောင်သည့် ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာတွင် ABSDF တာဝန်ရှိသူများက အမျိုးသားတန်းတူရေးနှင့် ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဍာန် အခြေခံစာတမ်းကို အဆိုကြမ်းအဖြစ် တင်ပြခဲ့ကြသည်။ ပါတီတာဝန်ရှိသူများက လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် NCA အလားအလာတို့ကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”329″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]