DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ် (၃)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇၊ ဒီဇင်ဘာ၊ ၉ ရက်နေ့ ညပိုင်းတွင် ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတွင် ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာ၌ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၏ သဘောထားပါဝင်ရန် လိုအပ်ပုံ၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍနှင့် အလုပ်အကိုင်အခွင့်အလမ်း၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နိုင်ငံရေးတွင် အမျိုးသမီးများပါဝင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

 
[ngg_images source=”galleries” container_ids=”303″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]