DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၁)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်း တို့ပါဝင်သည့်အဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာလ ၇ ရက်နေ့ည ၆းဝ၀ နာရီမှ ၉းဝ၀ နာရီအထိ ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သမိုင်းကြောင်း၊ လူ့ဘောင်သစ်လူငယ်အကြောင်း၊ ယနေ့လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံတကာလူငယ်များနှင့် ဆက်စပ်ဆောင်ရွက်နေသည့် အခြေအနေများ အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍ၊ လယ်ယာမြေဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တာဝကျေးရွာရှိ လူငယ်များ၊ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”299″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]