DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၂)

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၈ ရက်နေ့ည ၇းဝ၀ နာရီမှ ၉းဝ၀ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားရပ်တည်ချက်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သပြေအေးကျေးရွာရှိ လူငယ်များ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။

 
[ngg_images source=”galleries” container_ids=”300″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]