ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

March 2021
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  

DPNS စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်(၂)

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်၊ ဒေါ်နိုးနိုးထက်စံ၊ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး မစိမ့်အိစံ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးခင်မောင်ထွန်းတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၈ ရက်နေ့ည ၇း၀၀ နာရီမှ ၉း၀၀ နာရီအထိ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားရပ်တည်ချက်ကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးခွန်းများကို အဖွဲ့ဝင်များက ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ သပြေအေးကျေးရွာရှိ လူငယ်များ ရပ်မိရပ်ဖများအပါအဝင် လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။