DIPD နှင့် IDEA တို့ ပူးတွဲပြုလုပ်သော ရွေးကောက်ပွဲ ရံပုံငွေဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

DIPD နှင့် IDEA တို့ ပူးတွဲပြုလုပ်သော ရွေးကောက်ပွဲ ရံပုံငွေဆွေးနွေးပွဲသို့ တက်ရောက်

Denish Institute for Parties and Democracy (DIPD) နှင့် International Institue for Democracy and Electoral Assitance (IDEA) တို့က ပူးတွဲပြုလုပ်သော ဆွေးနွေးပွဲတရပ်ကို ၂၀၁၆ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက DIPD ရန်ကုန်ရုံးတွင် ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသည် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ငွေကြေးရံပုံငွေသုံးစွဲမှု သုတေသနစာတမ်းကို IDEA နှင့် DIPD က ဆွေးနွေးတင်ပြသည့် ပွဲဖြစ်သည်။ ထိုပွဲသို့ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံ တက်ရောက်ခဲ့ပါသည်။
တက်ရောက်လာသော ပါတီကိုယ်စားလှယ်များက စာတမ်းပါ အချက်အလက်များနှင့် တင်ပြချက်များအနက် မရှင်းလင်းသည်များ ပြန်လည်မေးမြန်းပြီး ဆွေးနွေးအကြံပြုခဲ့ကြပါသည်။