DIPD က စီစဉ်ကျင်းပသည့် “နိုင်ငံရေးပါတီအချင်းချင်းကြား စကားဝိုင်းများတည်ဆောက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း” ဆွေးနွေးပွဲ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

DIPD က စီစဉ်ကျင်းပသည့် “နိုင်ငံရေးပါတီအချင်းချင်းကြား စကားဝိုင်းများတည်ဆောက်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို မြှင့်တင်ခြင်း” ဆွေးနွေးပွဲကို ဇန်နဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဒိန်းမတ်ဆိုရှယ်လစ်ပြည်သူ့ပါတီမှ Mr. Holger K Nlelsen နှင့် ဒိန်းမတ် ကွန်ဆာဗေးတစ်ပါတီမှ Mr. Rolf Aagaard-Svendsen တို့က ၎င်းတို့၏ နိုင်ငံရေးအတွေ့အကြုံများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းခဲ့ကြပြီး မြန်မာ့နိုင်ငံရေးပါတီများကြားတွင် စကားဝိုင်းများတည်ဆောက်ခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီပေါင်း ၂၀ ကျော်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”529″ display=”basic_thumbnail”]