Danish Social Democratic Party ကွန်ဂရက်သို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

Danish Social Democratic Party ကွန်ဂရက်ကို ၂၃- ၉- ၂၀၁၆ ရက် နေ့လည် ၁းဝ၀ နာရီက ဒိန်းမတ်နိုင်ငံ၊ အားဘတ်ဂ်မြို့၌ စတင်ကျင်းပခဲ့ပါသည်။ ၎င်းကွန်ဂရက်သို့ တက်ရောက်သူ ၁၀ဝ၀ ခန့်ရှိရာ Danish Social Democratic Party ၏ မဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များ နှင့် သံအမတ်များအပါအဝင် နိုင်ငံတကာမှ ဧည့်သည်တော် ၇၀ ကျော်လည်း တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလင်းမြတ်တို့လည်း SODEM-ASIA ၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြပါသည်။