CCTU နှင့် IWWO အလုပ်သမားသမဂ္ဂများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီမှ ဒေါ်နှင်းနှင်းမွှေးနှင့် ဦးငွေလင်းတို့သည် ၂၀၁၉၊ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CCTU) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးသမီးအလုပ်သမားများ အစည်းအရုံး(IWWO) တို့မှ တာဝန်ရှိသူများနှင့် CCTU ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ထိုသို့တွေ့ဆုံရာတွင် အလုပ်သမားအရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများ၊ မြန်မာ့အလုပ်သမားအရေးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများ၊ အခက်အခဲများ၊ ဆောင်ရွက်သင့်သည်များကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။

[ngg src=”galleries” ids=”557″ display=”basic_thumbnail”]