Action for Gender Equality Conference သို့တက်ရောက်

ပါတီလှုပ်ရှားမှုများ

SocDem Asia က ဦးစီးကျင်းပသည့် Action for Gender Equality conference ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ HARRIS Vertu Hotel ၌ ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ Confrence သို့ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၆ ဦး တက်ရောက်ခဲ့သည်။ မြန်မာနိုင်ငံမှ ဒေါ်တင်တင်ချို (DPNS ဗဟိုစည်းရုံးရေးကော်မတီဝင်/အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ)နှင့် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ခဲ့ကြပါသည်။ 
Confrence တွင် အမျိုးသမီးများ၏ လက်ရှိကာလ နိုင်ငံရေးပါဝင်မှုအခြေအနေကိုသုံးသပ်ခြင်း နိုင်ငံရေးဦးဆောင်မှုတွင် အမျိုးသမီးများ ပါဝင်မှု အားနည်းရခြင်း အကြောင်းအရာများရှာဖွေခြင်း ပါဝင်မှုအားကောင်းလာစေရန် မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြပါသည်။ 
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နိုးနိုးထက်စံက  “အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုသည် ဒီမိုကရေစီအားကောင်းရေးလုပ်ငန်းစဉ်များမှ တခုဖြစ်ကြောင်း အမျိုးသမီးများ၏ အားဖြင့် ဒီမိုကရေစီဖြစ်ထွန်းတိုးတက်မှုအတွက် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုကို ကန့်သတ်မထားရန် လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။
ယနေ့ ကျား မ တန်းတူရေးလှုပ်ရှားမှုအခြေအနေကို Feminist working group တာဝန်ခံ Progressive alliance Party ဒု-ဥက္ကဋ္ဌ European Socialists Women -Marja Biji က ဆွေးနွေးတင်ပြခဲ့သည်။ “လူ့အသိုင်းအဝိုင်းတွင် တန်းတူညီမျှရေးကို ဖော်ဆောင်မည် ဆိုသူများအနေဖြင့် Gender equality ကို မဖော်နိုင်ခဲ့လျှင် လူ့အသိုင်းအဝန်း တန်းတူရေးကိုလည်း မည်သည့်အခါမျှ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ကြောင်း” မှတ်ချက်ပေးခဲ့သည်။ 
ထို့အပြင် ပါကစ္စတန်- အင်ဒိုနီးရှား- တောင်ကိုးရီးယား- ပြင်သစ်-ဆွီဒင်- နီပေါ အိန္ဒိယနိုင်ငံ စသည့်နိုင်ငံအသီးသီးမှလည်း မိမိတို့နိုင်ငံ၏ အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု အခြေအနေကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါသည်။

[ngg_images source=”galleries” container_ids=”340″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]