A Social Democratic Asia: Inclusive Policy Formulation Seminar သို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၂၀၁၆၊ ဩဂုတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် A Social Democratic Asia: Inclusive Policy Formulation Seminar ကို နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူ ရှိ Park Village Hotel တွင် ယနေ့နံနက် ၉:၃၀ နာရီတွင် စတင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲသို့ နီပေါကွန်ကရက်ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် နီပေါနိုင်ငံဒုဝန်ကြီးချုပ် တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

ထို seminar သို့ အိမ်ရှင် နီပေါကွန်ကရက်ပါတီ ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ ဖိလစ်ပိုင်နိုင်ငံမှ Akbayan ပါတီ၊ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ Social Democratic Asia Network မှ အတွင်းရေးမှူးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။