ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society

March 2021
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  

(၄၄) နှစ်မြောက် ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနား

(၄၄) နှစ်မြောက် မဆလစစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှုနှစ်ပတ်လည်အခမ်းအနားကို ၂၀၁၈၊ ဇွန်လ ၆ ရက်နံနက်ပိုင်းတွင် တောင်ဥက္ကလာပစိတ်တိုင်းကျ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဗကသများအဖွဲ့ချုပ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်သားဟောင်းများနှင့် လူငယ်စွမ်းရည်မြှင့်သင်တန်းသားများ အခမ်းအနားတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးက သဝဏ်လွှာများပေးပို့ခဲ့ကြပြီး ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဂုဏ်ပြုအမှတ်တရစကားပြောကြားရာ၌ လက်ရှိအခြေအနေတွင် ဒီမိုကရေစီအခွင့်အရေးများ နည်းပါးလာကြောင်း၊ ၂၁ ပင်လုံနှင့် NCA ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ကြောင်း၊ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးတို့နှင့် အလှမ်းဝေးနေသေးသည့်အတွက် တတိုင်းပြည်လုံးရှိအင်အားစုအသီးသီး ဆက်စပ်ပြီး ဝိုင်းဝန်းတောင်းဆိုဆောင်ရွက်ဖို့လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။