လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များသည် ၂၀၁၈၊ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ် လုပ်ငန်းကော်မတီဝင်များက ၎င်းတို့၏ လတ်တလောဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။