ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအတွက် ဆွေးနွေးတိုင်ပင်သည့်အစည်းအဝေးကို ၂၇၊၂၊၁၇ ရက်နေ့လည်ပိုင်းတွင် လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လွိုင်ကော်ခရီးစဉ် ဆွေးနွေးရရှိချက်များနှင့် လုပ်ငန်းစဉ်များ၊ ပန်ဆန်းညီလာခံအပေါ် သုံးသပ်ချက်၊ မြန်မာ့ငြိမ်းချမ်းရေး ရှေ့အလားအလာများ၊ တကသအဆောက်အဦ ပြန်လည်ဆောက်လုပ်မည့်ကိစ္စအပေါ် သဘောထားတို့ကို ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။


