၈၈ မျိုးဆက်(ပြည်ပ)နှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၈၈ မျိုးဆက်(ပြည်ပ)နှင့် ပြည်တွင်းနိုင်ငံရေးအင်အားစုများ တွေ့ဆုံပွဲကို ၂၃-၁၂-၂၀၁၇ တွင် ပြည်လမ်းရှိ ယုဒသန်ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းတွေ့ဆုံပွဲသို့ ရွှေဝါရောင်သံဃာတော်များ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၁၉၆၀-၆၂ ကျောင်းသားခေါင်းဆောင်များ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ဗကသများအဖွဲ့ချုပ် အခြေခံပညာကျောင်းသားများသမဂ္ဂ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့ကြသူများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် မျိုးဆက်အသီးသီး အင်အားစုအသီးသီးက အမှတ်တရစကား ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”315″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]