(၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို (၂၂-၁၂-၁၆)သို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေး တက်ရောက်

ပါတီလှုပ်ရှားမှုများ

ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားကွန်ရက်မှ စီစဉ်ကျင်းပသည့် (၈၆)နှစ်မြောက် တောင်သူလယ်သမားနေ့ ဂုဏ်ပြုပွဲကို ၂၂-၁၂-၁၆ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်၊ တိုင်တစ်ရာဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကျင်းပရခြင်းအကြောင်းကို ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ တာဝန်ခံဆရာချစ်က ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီး၏ တာဝန်ရှိသူများကလည်း ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး(၂) ဒေါ်နှင်းနှင်းမွှေးက ဂုဏ်ပြုအမှတ်တရစကားပြောကြားရာတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်လယ်သမားနေ့အဖြစ် သတ်မှတ်ထားခြင်းသည် လုံးဝမသင့်တော်ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့သည် ဆရာစံတောင်သူလယ်သမားသူပုန် အစပြုခဲ့သောနေ့ ဖြစ်သည့်အတွက် တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့အစား ဒီဇင်ဘာ ၂၂ ရက်နေ့ကို ပြောင်းလဲသတ်မှတ်မည် ဆိုသည့်သဘောထားကို ထောက်ခံပါကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံအနှံ့တွင် ဖြစ်ပွါးနေသော သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး တောင်းဆိုလှုပ်ရှားမှုများကို မိမိတို့ပါတီက ထောက်ခံပါကြောင်း ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ တောင်သူလယ်သမား သမဂ္ဂများ၊ လယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများ စုစုပေါင်း တရာခန့် တက်ရောက်ခဲ့ကြပါသည်။