၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

မဆလစစ်အာဏာရှင် ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမား၊ ကျောင်းသားလှုပ်ရှားမှု ၄၃ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၇၊ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဗကသများအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦး၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတက်ရောက်လာသူများက အမှတ်တရစကားများ ပြောကြားခဲ့ကြရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။ ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”215″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]