၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု ၄၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၄၅ နှစ်မြောက် မဆလ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၄-၇၅-၇၆ အလုပ်သမားအရေးအခင်းနှင့် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျ စားသောက်ဆိုင်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။

ဓာတ်ပုံ- ကိုထွန်းဝင်းငြိမ်း နှင့် ဧရာဝတီသတင်းဌာန

[ngg src=”galleries” ids=”600″ display=”basic_thumbnail”]