၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၇၁ နှစ်မြောက် ကရင်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ရိပ်သာ၌ ပြုလုပ်ခဲ့ပါသည်။ ကရင်လူထုဆန္ဒပြပွဲပြုလုပ်ခဲ့သည့် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရိလ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ လူ့ဘောင်သစ်လူငယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် ကရင်အမျိုးသားခေါင်းဆောင်များက ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပေးပို့လာသည့် သဝဏ်လွှာများကိုလည်း ဖတ်ကြားခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားဂုဏ်ပြုခဲ့ပါသည်။

[ngg src=”galleries” ids=”502″ display=”basic_thumbnail”]