(၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

(၆၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ပြည်နယ်နှင့်တိုင်း ဒေသအသီးသီး၌ ကျင်းပခဲ့ကြရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပသော (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ တက်ရောက်၍ ပန်းခြင်းချ ဂါရဝပြုခဲ့ကြပါသည်။
မြင်းခြံမြို့နယ်၊ ပြည်မြို့နယ်၊ ဘားအံမြို့နယ်၊ ပုသိမ်မြို့နယ်တို့တွင်ကျင်းပသော အာဇာနည်နေ့ အခမ်းအနားများသို့လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်ရဲဘော်များ တက်ရောက် အလေးပြုခဲ့ကြပါသည်။