၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ စိန့်ပီတာ စိန့်ပေါလ် ဘုရားကျောင်းဝင်းတွင် ၂၀၁၇၊ သြဂုတ်လ ၁၂ ရက်နေ့က ၆၇ နှစ်မြောက် ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးကျော်ကျော်စိုးနှင့် ဗဟိုစည်းရုံးရေး ကော်မတီဝင် ဦးဇော်ဇော်ထွန်းတို့ တက်ရောက်ခဲ့ကြပြီး၊ ကရင်လူငယ်တစ်ဦးက ပါတီ၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။