(၂၀၁၉၊ ဇူလိုင်၊ ၇)
ဗကသများအဖွဲ့ချုပ်က ဦးဆောင်ကျင်းပသည့် ၇ ဇူလိုင် ၅၇ နှစ်မြောက်
အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ
တကသအဆောက်အဦမြက်ခင်းပြင်တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ၁၉၆၂၊ ၁၉၇၄- ၇၅- ၇၆၊ ၁၉၈၈၊ ၂၀၀၇ အစရှိသည့်
ကျောင်းသားမျိုးဆက်အသီးသီး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်များ၊
လူ့ဘောင်သစ်လူငယ်များ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။ ၇ ဇူလိုင် (၅၇)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားများသို့ ပါတီမှပေးပို့သောသဝဏ်လွှာကို ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး(၁)က ဖတ်ကြားခဲ့ပါသည်။
လွန်ခဲ့သည့် (၅၇)နှစ် ဇူလိုင် ၇ ရက်နေ့တွင် အေးချမ်းစွာ ဆန္ဒပြနေကြသည့်
ကျောင်းသားများအား တပ်က အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဇူလိုင် ၈
ရက်နေ့တွင် သမိုင်းဝင် တကသ အဆောက်အဦကိုပါ မိုင်းခွဲဖျက်ဆီးပစ်ခဲ့သည်။