၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့သူရဲကောင်းနေ့ အခမ်းအနားသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

၄၆ နှစ်မြောက် ကိုကိုးကျွန်း ပြည်သူ့ သူရဲကောင်းနေ့ အခမ်းအနားကို ၃၁-၇-၂၀၁၇ နံနက်ပိုင်းက တောင်ဥက္ကလာပ စိတ်တိုင်းကျခန်းမတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားမှူးအဖြစ် ကျွန်းပြန်ရဲဘော်ကြီး ဦးကျော်စိုးက ဆောင်ရွက်ခဲ့ပြီး ကိုကိုးကျွန်းပြန်ရဲဘော်များကိုယ်စား ကျွန်းပြန်ရဲဘော်ကြီး ဦးလှချိုက အဖွင့်အမှတ်တရစကား ပြောကြားခဲ့ပါသည်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့မှ ဦးစိုင်းညွန့်လွင် ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုမှ ဦးစံနု ဦးကျော်အောင် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဒေါ်နှင်းနှင်းမွှေးတို့က အမှတ်တရ ဂုဏ်ပြုစကား ပြောကြားကြပြီး သဝဏ်လွှာများ ဖတ်ကြားခဲ့ကြပါသည်။ ကိုကိုးကျွန်းပြန်နိုင်ငံရေးရဲဘော်များ၏ သဘောထားကြေညာချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”240″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]