၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ် ၂၀ ပြည့်အထိမ်းအမှတ် စာတမ်းဆွေးနွေးပွဲကို ၂- ၁၂- ၁၆ ရက်နေ့က ရန်ကုန်မြို့၊ စကားဝါခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ စာတမ်းရှင်များက “ပညာရေးပြုပြင်ပြောင်းလဲမှု” ၊ “အသွင်ကူးပြောင်းရေးကာလ ပြုပြင်ရေးလုပ်ငန်းစဉ်များ” ၊ “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း” ဟူသည့် ခေါင်းစဉ်ကြီးသုံးခုအောက်တွင် ၎င်းတို့၏ အယူအဆများကို တင်ပြခဲ့ကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုစည်းရုံးရေးကော်မတီဝင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။