၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများညီလာခံ

ပါတီလှုပ်ရှားမှုများ

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့နှင့် မိတ်ဖက်နိုင်ငံရေးအင်အားစုများညီလာခံကို ၂၀၁၈ သြဂုတ်လ ၇ ရက်နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ယုဒဿန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံတွင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ UNDO အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများ၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကျွန်းပြန်နိုင်ငံရေးအင်အားစု၊ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အစရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ ညီလာခံတက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”456″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]