၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၏ ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲ (၈.၁.၂၀၁၇)

ပါတီလှုပ်ရှားမှုများ

၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျအလုပ်သမားဟောင်းကြီးများကွန်ရက်မှ စီစဉ်ကျင်းပသော ကွယ်လွန်အလုပ်သမားရဲဘော်ကြီးများအတွက် ဒုတိယအကြိမ်မြောက် အမျှအတန်းပေးဝေပွဲနှင့် မိသားစုတွေ့ဆုံပွဲကို ၈-၁-၁၇ ရက်နေ့ကအင်းစိန်မြို့နယ်ရှိ အောင်ဇေယျဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲသို့ သက်ရှိထင်ရှား သပိတ်မှောက်အလုပ်သမားဟောင်းကြီးများ၊ ကွယ်လွန်သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေနိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ တက်ရောက်လာသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက ကွယ်လွန်သူရဲဘော်ကြီးများအတွက် ဂုဏ်ပြုအမှတ်တရစကားများလည်း ပြောကြားခဲ့ကြပါသည်။