(၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု

ပါတီလှုပ်ရှားမှုများ

၂၀၁၆ ဧပြီလ ၁၀ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အောင်နန်းချို ကျေးရွာတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး(၂) နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါ သည်။ ပါတီမှ ဂုဏ်ပြုသဝဏ်လွှာလည်း ပေးပို့ခဲ့ပါသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂနှင့် အခြား နိုင်ငံရေးအဖွဲ့အစည်းများကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။
အခမ်းအနားတွင် ပညာရေး၊ အားကစား၊ အနုပညာစသည့် နယ်ပယ်အသီးသီးတွင် ထူးချွန်သည့် ကယန်းတိုင်းရင်းသားများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပါတီရဲဘော်များသည် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနေအိမ်သို့ သွားရောက်ပြီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောလွင်နှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာများကို ဆွေးနွေးခဲ့ကြပါသည်။