၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနား တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၁၂၉ နှစ်မြောက် မေဒေးနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သစ္စဝါဒီကျောင်းတိုက်၌ ၂၀၁၉၊ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ အလုပ်သမားသမဂ္ဂများမှ ရဲဘော်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလုပ်သမားအရေး ဆောင်ရွက်သူများ၊ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေးအင်အားစု၊ ၁၉၇၄ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ CCTU၊ SDUF၊ လူ့ဘောင်သစ်လူငယ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အစရှိသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်၍ ဂုဏ်ပြူအမှတ်တရစကားပြောကြားပြီး သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီဝင်များလည်း အခမ်းအနားတက်ရောက်ခဲ့ကြပြီး ကော်မတီတာဝန်ခံ ဦးငွေလင်းက ဂုဏ်ပြုအမှတ်တရစကား ပြောကြားခဲ့ပါသည်။
ဦးငွေလင်းက မေဒေးအမှတ်တရစကား ပြောကြားရာတွင် ယနေ့ကာလသည် အလုပ်သမားအခြေခံအခွင့်အရေးများပင် မရကြသေးသည့် အခြေအနေဖြစ်ကြောင်း၊ လက်ရှိပြဋ္ဌာန်းထားသည့် အလုပ်သမားဆိုင်ရာဥပဒေများမှာလည်း မည်ကာမတ္တသာဖြစ်ပြီး အလုပ်သမားများကို အကာအကွယ်ပေးဖို့ထက် အလုပ်ရှင်များကို အကာအကွယ်ပေးဖို့၊ ဖိနှိပ်အမြတ်ထုတ်ခွင့်ပေးဖို့ ဖြစ်နေကြောင်း၊ အလုပ်သမားထု လွတ်မြောက်ပြီး အခွင့်အရေးအပြည့်အဝ ရရှိရန်အတွက် အလုပ်သမားများကိုယ်တိုင် တိုက်ပွဲဆင်ကြရမည်ဖြစ်ပြီး မည်သူ့ကိုမျှ အားကိုးနေ၍ မရကြောင်း၊ အလုပ်သမားထုညီညွတ်ရေးကို တည်ဆောက်ကာ ဖိနှိပ်မှုမှန်သမျှကို မိမိတို့ကိုယ်တိုင် ဖယ်ရှားဖျက်သိမ်းပစ်ကြရမှာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ပါတီ၏ မေဒေးနေ့ဂုဏ်ပြုသဝဏ်လွှာကိုလည်း ပေးပို့ဖတ်ကြားခဲ့ပါသည်။

[ngg src=”galleries” ids=”570″ display=”basic_thumbnail”]