ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် “ကျောင်းသားသမဂ္ဂအဆောက်အဦနှင့် ပတ်သက်၍ ကျောင်းသားမျိုးဆက်အသီးသီးပါဝင်သော ဆွေးနွေးပွဲ”တရပ်ကို ၂၆၊ ၂၊ ၁၇ ရက်နေ့ နံနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ဗိုလ်တထောင်မြို့နယ်ရှိ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၌ ၁၉၅၃ ခုနှစ်မှစ၍ ယနေ့ကာလအထိ ကျောင်းသားမျိုးဆက်အသီးသီး၏ သဘောထားများကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်များကို စုစည်းရရှိခဲ့ကြပါသည်။