ဥပဒေပညာရှင်များနှင့် တွေ့ဆုံလျက် မြေယာပြဿနာများအတွက် အဖြေရှာ

ပါတီလှုပ်ရှားမှုများ

[ngg_images source=”galleries” container_ids=”256″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]၂၀၁၇ သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်မြောင်းရှိ လူ့ဘောင်သစ်လူငယ်ရုံးခန်း၌ တွေ့ဆုံဆွေးနွေးပွဲ တရပ်ကို ပြုလုပ်ကြသည်။ ယင်းတွေ့ဆုံပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီတာဝန်ခံ ဦးသန့်စင်၊ ဦးအောင်မိုးဝင်းနှင့် လူ့ဘောင်သစ်လူငယ်အတွင်းရေးမှူး မစိမ့်အိစံ၊ ဥပဒေပညာရှင် ဦးမြင့်သွင်၊ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်နှင့် ဒေးဒရဲမြို့နယ်တို့မှ တောင်သူလယ်သမားများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ဆုံပွဲတွင် ယခု ပြဋ္ဌာန်းထားသော လယ်ယာမြေဆိုင်ရာ ဥပဒေများ၏ မပြည့်စုံမှုများကို ထောက်ပြခဲ့ကြပြီး လက်ငင်းကြုံတွေ့နေရသော မြေယာပြဿနာများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဖြေရှင်းရန်နည်းလမ်းများကိုလည်း ရှာဖွေခဲ့ကြပါသည်။