အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအဖွဲ့နှင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့သည် ၆-၇-၂၀၁၇ ရက်နေ့တွင် NNER ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အခြေခံပညာလုပ်သားများသမဂ္ဂ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများနှင့် NNER က ကူညီဆောင်ရွက်ပေးနိုင်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။