အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ဒုတိယနေ့)

ပါတီလှုပ်ရှားမှုများ

Issue Analysis, Agenda Setting, Policy Formulation and Development ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ၁၉-၁-၁၇ ရက်နေ့တွင် ရန်ကုန်မြို့ Orchid Hotel ၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ DIPD, SoDem တို့မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ် နှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် Mr Lars Aslan Rasmussrn(လွှတ်တော်အမတ်- ဒိန်းမတ်ဆိုရှယ်ဒီမိုကရက်တစ်ပါတီ)၊ ဦးစိုင်းညွန့်လွင်၊ (အထွေထွေအတွင်းရေးမှူး- SNLD) ဦးအောင်သူငြိမ်း(PSSI) Basu Gautam(လုမ္ဇိနီ ကမ္ဘာ့ငြိမ်းချမ်းဖိုရမ် – နီပေါ)၊ Rechie Tugawin(မျိုးဆက်ငြိမ်းချမ်းရေး လူငယ်ကွန်ရက် – ဖိလစ်ပိုင်)၊ ဦးမင်းဇင်(ဒါရိုက်တာ-PSSI)၊ ဦးစိုင်းကျော်ညွန့်(အတွင်းရေးမှူး-UPDJC) တို့က ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်သော အခြေအနေများ၊ အယူအဆ၊ အတွေးအမြင်များကို ရှင်းလင်းတင်ပြဆွေးနွေးပေးခဲ့ကြပါသည်။