အာလုံးပါဝင်သောမူဝါဒရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ(ပထမနေ့)

ပါတီလှုပ်ရှားမှုများ

A Social Democratic in Asia: Strengthening Inclusive Policy Formulation ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်လျက်ရှိပါသည်။ ၎င်းဆွေးနွေးပွဲကို SoDem(Asia)၊ DIPD၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်ပါတီ၊ DPNS နှင့် SNLD တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇၊ ဇန်နဝါရီ ၁၈ မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်မည်ဖြစ်သည်။ DIPD, SoDem တို့မှ တာဝန်ရှိသူများ၊ ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် Mr Lars Aslan Rasmussem၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊လူ့ဘောင်သစ်လူငယ် နှင့်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့မှ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ အနာဂတ်နိုင်ငံ တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့ကြပါသည်။