အာဇာနည်နေ့အတွေးအမြင် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

ပါတီလှုပ်ရှားမှုများ

SYCB က ဖွင့်လှစ်ထားသော Youth Training Center တွင် ၁၉- ၇- ၁၆ ရက် နေ့လည် ၁:၃၀ နာရီမှ ညနေ ၄:ဝ၀ နာရီအထိ
အာဇာနည်နေ့ အတွေးအမြင် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။ Youth Training Center သင်တန်းသူသင်တန်းသားများ၏  ဖိတ်ကြားချက် အရ ဦးငွေလင်း (လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ – အထွေထွေအတွင်းရေးမှူး)၊ ဒေါ်အေးမြင့်သန်း (NLD ရန်ကုန်အရှေ့ပိုင်းခရိုင် – အတွင်းရေးမှူး)၊ ကိုထက်မြက်(လူ့အခွင့်အရေး ဆောင်ရွက်သူ)တို့က သွားရောက်ဆွေးနွေးပေးကြခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ဦးငွေလင်းက အာဇာနည်ခေါင်းဆောင်ကြီးများ၏ တိုင်းပြည်အတွက်၊ ပြည်သူများအတွက် ကောင်းမှုပြုချက်များကို ဆွေးနွေးပြခဲ့သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြပုံ၊ အခြေခံတွေတည်ဆောက်ပေးခဲ့ကြပုံများကို ထောက်ပြပြီး  ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့သောခေါင်းဆောင်မျိုးတွေ အများကြီး လိုအပ်နေကြောင်း ဆွေးနွေးပေးခဲ့ပါသည်။ သင်တန်းသူသင်တန်းသားများက သိလိုသည်များကို မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးပေးခဲ့ကြပါသည်။