အလုပ်သမားရေးရာကော်မတီ(ရန်ကုန်တိုင်း) အစည်းအဝေး

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

အောက်တိုဘာ ၃၀၊ ၂၀၁၉။ ရန်ကုန်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီ ရန်ကုန်တိုင်းအလုပ်အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၃၀ ရက် နေ့လည်ပိုင်းတွင် ပါတီဌာနချုပ်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီအထွေထွေအတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးက အလုပ်သမားလူတန်းစားအပေါ် ပါတီ၏ အလေးအနက်ထားရှိမှု၊ အလုပ်သမားထု၏ လက်ရှိအခြေအနေများနှင့် အစည်းအဝေးခေါ်ယူရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးငွေလင်းက အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားမှုများနှင့် ကော်မတီက ဆက်စပ်ဆောင်ရွက်ထားသည်များကို မိတ်ဆက်ရှင်းပြခဲ့ပါသည်။ အလုပ်အဖွဲ့ဝင်များကလည်း ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် အခက်အခဲများကို တင်ပြပြီး အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ကော်မတီအနေဖြင့် အလုပ်သမားအရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုပြီးနောက် တာဝန်ခွဲဝေခဲ့ကြပါသည်။

[ngg src=”galleries” ids=”717″ display=”basic_thumbnail”]