“အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” နောက်ဆုံးနေ့

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက စီစဉ်ပြုလုပ်သည့် “အမျိုးသမီးများဦးဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ” နောက်ဆုံးနေ့ကို ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် အမျိုးသမီးများအပေါ် ခွဲခြားမှုများအားလုံး ပပျောက်ရေးသဘောတူညီချက်ဆိုင်ရာစာချုပ် (စီဒေါ)ပါ အချက်အလက်များ ခေါင်းဆောင်များတွင် ရှိသင့်သည့် အရည်အချင်းများ ခွဲတမ်းစနစ်ဆိုင်ရာအချက်အလက်များ ရှေ့လုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အမျိုးသမီးခေါင်းဆောင်များ၊ ရေကြည်၊ ချောင်းသာ၊ အင်္ဂပူ၊ လပွတ္တာ၊ တံတားဦး၊ မြင်းခြံ၊ ပွင့်ဖြူ၊ ဆားလင်းကြီးမြို့နယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာသည့် အမျိုးသမီးခေါင်းဆောင်များအား ဌာနချုပ်ခေါင်းဆောင်များက လာရောက်၍ ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။

[ngg src=”galleries” ids=”319″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″ images_per_page=”20″ number_of_columns=”0″ slideshow_link_text=”[Show slideshow]”]