အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၉။ ရန်ကုန်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခမ်းအနားကို ၂၀၁၉၊ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Inya Lake ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ WLB အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အမျိုးသမီးအသင်းအဖွဲ့များ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီခေါင်းဆောင်များနှင့် လူ့ဘောင်သစ်လူငယ်များလည်း အခမ်းအနားတက်ရောက် ဂုဏ်ပြုခဲ့ကြပါသည်။

WLB တွင် တိုင်းရင်းသားအမျိုးသမီးသမဂ္ဂပေါင်း ၁၃ ခု စုပေါင်းဖွဲ့စည်းထားပြီး စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့တိုင်အောင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုးသမီးထုအခွင့်အရေး၊ လူ့အခွင့်အရေးများအတွက် စွမ်းစွမ်းတမံ ရပ်တည်တိုက်ပွဲဝင်လျက်ရှိကာ မိမိတို့ DPNS နှင့်လည်း မဟာမိတ်အဖြစ် လက်တွဲဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။

[ngg src=”galleries” ids=”737″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]