အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနား

ပါတီလှုပ်ရှားမှုများ

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ဖွဲ့စည်းခြင်း ၁၇ နှစ်ပြည့် အခမ်းအနားကို ၉-၁၂-၁၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ ယုဇနဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် WLB တာဝန်ရှိသူများက ဖြတ်သန်းခဲ့ရသည့် အခြေအနေများကို ပြောကြားခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များကလည်း အမှတ်တရစကားများ ပြောကြားပေးခဲ့ကြပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံကလည်း ဂုဏ်ပြုအမှတ်တရစကား ပြောကြားပေးခဲ့ပါသည်။