အဖမ်းဆီးခံလူငယ်များ လွိုင်ကော်အကျဉ်းထောင်မှပြန်လည်လွတ်မြောက်

ပါတီလှုပ်ရှားမှုများ

ငြိမ်းစုစီဥပဒေ ပုဒ်​မ(၁၉)ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ် (၃) ဦးအမှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ကြားဝင်​ စေ့စပ်​ညှိနှိုင်း​ပေးမှုကြောင့် ကယားပြည်​နယ်​အာဏာပိုင်​​များက ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်နေ့တွင် အမှုရုပ်သိမ်း​ပေးခဲ့ပါသည်​။ သက်ဆိုင်ရာ အဖွဲ့အစည်းများ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ လူ့ဘောင်သစ်လူငယ်နှင့် တစ်ပြည်လုံးမှ အရပ်ဘက်အဖွဲ့အစည်းများ လာရောက်ဝန်းရံပေးခဲ့ကြသည်။ ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီဒူး ကယန်းမျိုးဆက်သစ်လူငယ်မှ ခွန်းအသန်းနှင့် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂမှ ခူးတူးရယ်တို့ လွိုင်ကော်အကျဉ်းထောင်မှ ယနေ့ လွတ်မြောက်လာခဲ့ပြီး ကယားပြည်နယ်ကျောင်းသားများသမဂ္ဂမှ ခွန်းရဲမင်းကျော်၊ ကိုမျိုးလှိုင်ဝင်းနှင့် ခွန်းဂျွန်ပေါ၊ ကရင်နီတောင်သူလယ်သမားများသမဂ္ဂမှ ဒီးဒီနှင့် ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘိုတို့ မနက်ဖြန် ၂၄ ရက်နေ့တွင် လွတ်မြောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

[ngg_images source=”galleries” container_ids=”342″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]