အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်(SYCB)က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲကို ၂၀၁၈၊ စက်တင်ဘာ၊ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ သတင်းမီဒီယာများ၊ မဟာမိတ်အင်အားစုများ တက်ရောက်ခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ဦးတိုးတိုးထွန်း(DPNS)မှ လူငယ်တပ်ပေါင်းစုဖြစ်ပေါ်လာပုံနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အထိမ်းအမှတ်အခမ်းအနားများ ပြုလုပ်ခြင်းကြောင့် ဆွေးနွေးဖလှယ်မှုမှတဆင့်၊ အတွေးအမြင်မှတဆင့် အလုပ်များထွက်ပေါ်လာမှာဖြစ်ကြောင်း၊ အနာဂါတ်တွင် ငြိမ်းချမ်းရေးအတွက် ပိုမိုအားကောင်းလာနိုင်ပြီး ကွန်ဂရက်၏ရည်ရွယ်ချက် ဦးတည်ချက်ကို သွားရာရောက်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

UNFPA Myanmar ၏ ပူးပေါင်းကူညီမှုဖြင့် GPS, Swe Thahar, Youth Circle တို့ ပူးပေါင်းကျင်းပသည့် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် “Right to Peace” နိုင်ငံရေးစကားဝိုင်းကို ၂၀၁၈၊ စက်တင်ဘာ၊ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ Rose Garden ဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ၎င်းစကားဝိုင်းဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးသီဟ၊ အတွင်းရေးမှူး (၂)ဦးတိုးတိုးထွန်း၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးဇော်ဇော်ထွန်းနှင့် လူ့ဘောင်သစ်လူငယ်များ တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”490″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]