အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း “Building The Future State” ဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

အနာဂတ်နိုင်ငံတော် တည်ဆောက်ခြင်း “Building The Future State ” ဆွေးနွေးပွဲကို

[ngg_images source=”galleries” container_ids=”389″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]စည်လုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့နှင့် တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့တို့က ရန်ကုန်မြို့ Melia ဟိုတယ်တွင် ပူးပေါင်းကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ၂၀၁၈ ဧပြီလ ၂၉ ရက်နေ့ နံနက် ၈းဝ၀ နာရီမှ နေ့လည် ၁းဝ၀ အထိ ကျင်းပခဲ့ပါသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA+ မှ တိုင်းရင်းသားလူငယ်ခေါင်းဆောင် ( ၅၀)ဦး၊ UNA+ မှခေါင်းဆောင်းများ၊ အဖွဲ့ဝင်များနှင့် ကွန်ရက်များမှ ဖိတ်ကြားထားသူများ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ဝင်များ စုစုပေါင်း ၁၀ဝ ဦးခန့် ဆွေးနွေးပွဲတက်ရောက်ခဲ့ကြသည်။
အဆိုပါ Pannel Discussion တွင် ဦးစိုင်းညွန့်လွင်၊ ဦးအောင်မိုးဇော်၊ မိဆူးပွင့်၊ မန်းကျော်ညိမ်း၊ ဦးမျိုးကျော်၊ ဒေါက်တာကျော်သူ၊ ဦးမင်းဇင်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုအနေအထား အနာဂတ်နိုင်ငံတော်အတွက် ရည်မှန်းချက်များ၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် အခြေခံသင့်သည့် အဓိကအုတ်မြစ်များ အနာဂတ်နိုင်ငံတော်ကို တည်ဆောက်သင့်သည့် နည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။