အင်္ဂပူမြို့နယ် စည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးအစည်းအဝေး ကျင်းပ

ပါတီလှုပ်ရှားမှုများ

၁၃-၈-၂၀၁၇ ရက်နေ့ နေ့လည် ၁း၃၀ နာရီမှ ညနေ ၄းဝ၀ နာရီခန့်အထိ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စည်းရုံးရေးကော်မတီ ဖွဲ့စည်းရေးအစည်းအဝေးကို ကျင်းပခဲ့ပါသည်။ထိုအစည်းအဝေးတွင် အင်္ဂပူမြို့နယ်စည်းရုံးရေးကော်မီတီကို ဖွဲ့စည်းခဲ့ပါသည်။
ထိုအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဧရာဝတီတိုင်းစည်းရုံးရေးကော်မီတီဥက္ကဋ္ဌ ဦးတိုးတိုးထွန်း၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးအောင်မိုးဝင်းနှင့် လူ့ဘောင်သစ်လူငယ် ဗဟိုလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပါ သည်။
ဥက္ကဋ္ဌမှ ပါတီဝင်များ၊ မြို့နယ်စည်းရုံးရေးကော်မတီဝင်များသို့ အမှာစကားပြောကြားရာတွင် ယနေ့ကာလ နိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပါတီဝင်များထမ်းဆောင်ကြရမည့် ယနေ့ကာလနိုင်ငံရေးတာဝန်များကို ချပြဆွေးနွေးခဲ့ပါသည်။

[ngg_images source=”galleries” container_ids=”250″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]