လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အင်္ဂပူမြို့နယ် ကျေးရွာအုပ်စုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင်များအား ပါတီမိတ်ဆက်နှင့် အထွေထွေနိုင်ငံရေးသဘောထား ဖွဲ့စည်းပုံတို့ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ၂၀၁၈ ဇွန်လ ၂၈ ရက် နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ပါသည်။ ပါတီအတွင်းရေးမှူး ၂ ဦးတိုးတိုးထွန်းနှင့်အဖွဲ့ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ တောင်ပို့ကျေးရွာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ပါတီမိတ်ဆက်၊ ပါတီနောက်ခံသမိုင်းနှင့် လက်ရှိလုပ်ငန်းစဉ်များ ပါတီ၏အထွေထွေနိုင်ငံရေးသဘောထား၊ ပါတီ၏စည်းရုံးစုဖွဲ့မှု၊ ဦးဆောင်မှုအဆင့်ဆင့်၊ ပါတီတွင်းဒီမိုကရေစီကျင့်သုံးမှု၊ လူ့ဘောင်သစ်လူငယ်မိတ်ဆက်၊ နောက်ခံ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ အင်္ဂပူမြို့နယ်အတွင်းရှိ နွားခြံအုပ်စု၊ ခံကြီးအုပ်စု၊ ကံကွင်းအုပ်စု၊ ကညွှတ်ကွင်းအုပ်စုတို့မှ စည်းရုံးရေးကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။