အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသော Progressive Alliance Seminar သို့ DPNS ခေါင်းဆောင်များတက်ရောက်

ပါတီလှုပ်ရှားမှုများ

Progressive Alliance Seminar: Living together in a New World, Building solidarity and Social Justice ကို အင်ဒိုနီးရှားနိုင်ငံ၊ ဒင်ပဆာ၊ ဘာလီရှိ Padma Resort Hotel တွင် ၂၀၁၆၊ စက်တင်ဘာ ၁၉ နှင့် ၂၀ တို့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ Indonesian Democratic Party of Struggle (PDI) က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆွီဒင်၊ ဂျာမနီ၊ ကော့စတာရီကာ၊ မိုရိုကို၊ တူနီးရှား၊ နယ်သာလန်၊ အင်္ဂလန်၊ ဂျော်ဂျီယာ၊ အီရပ်၊ ပါလက်စတိုင်း၊ တီမောလက်စတေး၊ သြစတြေလျ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ မြန်မာနိုင်ငံတို့မှ နိုင်ငံရေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ ၎င်းဆီမီနာသို့ မြန်မာနိုင်ငံမှ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဗဟိုဦးဆောင်ကော်မတီဝင် ဒေါ်နိုးနိုးထက်စံတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။